လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀ိ/-)ကျပ်တို့အား (၂၀-၆-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ဗန်မော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#kcn_jun2018