မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူ့အသက်ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးကြိုး ဘေးဆိုင်ရာအသိပညာများ တိုးပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလြမို့နယ်၊ ဓနုတ်စံပြကျေးရွာနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် မိုးကြိုးဘေးဗီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar_tls
#ygn_jun2018

Sign Up

Upcoming Events