Category Archives: News
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကျေးရွာအုပ်စု(၂)စုရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျှောပါပျက်စီးခဲ့သည့်အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)၊ လူ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၄၄၁၀၀ိ/-) နှင့် ထောက်ပံ့ရေးပစ္စည်း(၁၅)မျိုးပလပ်စတစ်ပုံးအပါ(၄)အိမ်ထောင်စာ၊ စုစုပေါင်းရန်ပုံငွေ(၄၄၄၁၀၀ိ/-)အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ရွှေတောင်မြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ် ကျီးသဲအုပ်စု ညောင်လှရွာ၌ (၃၁-၅-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-) ကိုလည်းကောင်း၊ ရွှေတောင်မြို့နယ် ရပ်ကွက်(၂)ခု အုပ်စု(၂၆)စု ကျေးရွာ(၇၃)ရွာ၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ပလပ်စတစ်ပုံးပါ(၄)အိမ်ထောင်စာ၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀ိ/-)၊ အမိုးလန်ခဲ့သည့် နေအိမ်(၂၂၆)လုံးနှင့် ဘုန်းကြီးကျောင်း(၄)ကျောင်းအတွက် တန်ဖိုးသင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၉၂၈၇၀၀ိ/-)၊ … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာအုပ်စု၊ နပင်းချိုင်ကျေးရွာ၊ ဆားပြင်ကျေးရွာနှင့် သဒွန်ကျေးရွာ လေဘေးသင့်ပြည်သူများနှင့် တောင်ကျရေကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
========= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ========= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာအုပ်စု၊ နပင်းချိုင်ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ(၁)သိန်းကိုလည်းကောင်း၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် သဒွန်ကျေးရွာတို့၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် တောင်ကျရေကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/)၊ အိမ်ထောင်စု(၄)စုမှ ဘေးသင့်ပြည်သူ(၂၁)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၄၄၁၀၀ိ/)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဂွမြို့နယ်၊ ကင်းရုံရပ်ကွက်နှင့် ကျိ န္တလီမြို့၊ ဘဝင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
======== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ======== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ကင်းရုံရပ်ကွက်၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/)၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ပြည်သူ(၁)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၂၁၀၀ိ/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၁၀၀ိ/-) အားလည်းကောင်း၊ ကျိန္တလီမြို့၊ ဘဝင်ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ိ/)၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ပြည်သူ(၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
====== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ====== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၆၅၀၀၀ိ/)၊ အိမ်ထောင်စု(၃)စုမှ ဘေးသင့်ပြည်သူ(၁၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၆၃၀၀၀ိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၇၄၀၀ိ/) အား (၁၅-၆-၂၀၁၈)နေ့တွင် ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ သလိန်ပြင်ကျေးရွာအုပ်စု၊ ဒေသအခေါ် င/တောက်တူပေါက်ချောင်းဝအနီး ကုလားရောင်မြစ်ဖျားအား ဖြတ်ကူးစဉ် စက်လှေဖြင့် ဖြတ်ကူးစဉ် လှိုင်းလှေပြင်းထန်ပြီး စက်လှေနစ်မြုပ်ကာ ရေနစ်သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း
===== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ===== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့မှ ပန်းတင်းကျွန်းသို့ တောင်ကုတ်ချောင်းအတိုင်း မောင်းနှင်သွားသော စက်လှေမှာ (၁၃-၆-၂၀၁၈) ရက်နေ့တွင် သလိန်ပြင်ကျေးရွာအုပ်စု၊ ဒေသအခေါ် င/တောက်တူပေါက်ချောင်းဝအနီး ကုလားရောင်မြစ်ဖျားအား ဖြတ်ကူးစဉ် လှိုင်းလှေပြင်းထန်ပြီး စက်လှေနစ်မြုပ်ကာ ခရီးသည် (၃) ဦးမှာ သလိန်ပြင်ကျေးရွာအုပ်စု ကမ်းဘက်သို့ကူးခတ်နိုင်ခဲ့ပြီး စက်လှေပိုင်ရှင် ဦးတူးနှင့် ခရီးသည် ဦးမြင့်နိုင်တို့ (၂) ဦးမှာ ရေနစ်သေဆုံးခဲ့သည့်အတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀ိ/-) အား … Read more
-
စကုမြို့ရှိ ယာယီရေဘေးခိုလှုံသူများထံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ၍ အားပေးထောက်ပံ့မှုများ ပြုလုပ်မှုသတင်း
==================================================== မကွေးမြို့၊ ၁၅-၆-၂၀၁၈—— မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ (၈) ရွာမှ ယာယီရေဘေးခိုလှုံသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က စားနပ်ရိက္ခာ ထောက်ပံငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေမှ စတင်ဖြစ်ပေါ်ခဲ့သည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်နေရာအချို့တွင် ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသများသို့ လူမှုဝန်ထမ်း၊ … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဘိုကလေးမြို့နယ်အတွင်း လေဘေးနှင့် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့များတွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ဖိုးငွေ (၈၄၀၀) ကျပ်ကိုလည်းကောင်း၊ မလော့ကျေးရွာ၌ အမိုးလန်ခဲ့သည့်နေအိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ … Read more
-
မြစ်ရေတိုက်စားကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက် သိမ်း ပြောင်းရွှေ့ ရသော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈)ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်း အထကခွဲယန်းလူးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ယခုလက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးငလျင်ဘေးများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အဓိကဟောပြောခြင်း ငလျင်လှုပ်ခတ်နေစဉ်အတွင်းနေထိုင်ရမည့်အနေအထားများကို လက်တွေ့ပြသခြင်း ကျောင်းသူ၊ ကျောင်းသားများမှ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းများ DAN Mobile … Read more









