လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၁၈) ရက်နေ့တွင် အပြင်မဲကနယ် ဘုန်းကြီး ကျောင်း၌ ပြည်သူလူထုအင်အား (၅၀) ဦးအားလည်းကောင်း (၂၂-၆-၂၀၁၈) ရက်နေ့တွင် အမှတ် (၃) အခြေ ခံပညာအထက်တန်းကျောင်း မြဝတီ၌ ကျောင်းသားကျောင်းသူ (၅၀၀) ဦးခန့်အားလည်းကောင်း ခရိုင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးမဖြစ်မီ/ဖြစ်နေစဉ်/ဖြစ်ပြီး ဆောင်ရန်ရှောင်ရန်များအား ဟော ပြောဆွေးနွေးခြင်း၊ အရေးပေါ်အသက်ကယ်ခြင်းနည်းပညာများ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနည်းပညာများကို သရုပ်ပြ လေ့ကျင့်ခြင်း၊ နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_jun2018