===================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service (CWS-Myanmar) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ “ကျေးရွာနှင့် မြို့နယ်ဘေးအန္တရာယ်လျော့ချရေးကော်မတီများ မိတ်ဆက်တွေ့ဆုံပွဲနှင့် ရှေးဦးသူနာပြုစုရေး ကြိုတင်သတိပေးရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား” ကို မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)၌ (၂၂-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင်ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အမှာစကားပြောကြားခဲ့ပြီး CWS -Myanmar မှ ကျေးရွာ (၁၅) ရွာသို့ ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။