ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့ တွင် (၃၀-၅-၂၀၁၈) ရက်နေ့မှ (၁၁-၆-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ပြီး မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_lsd
#krn_jun2018

Sign Up

Upcoming Events