မြန်မာအိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်ညှိနှိုင်းအစည်းအဝေး

၂၂-၆-၂၀၁၈၊နေပြည်တော်
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကဦးဆောင်၍ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီတက်ရောက်လာကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သြဂုတ်လ (၂၅) ရက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ဲပြီးနောက်ပိုင်းတွင် UEHRD ပြည်ထောင်စုစီမံကိန်းပေါ်ပေါက်လာခဲ့ပြီး ရခိုင် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း အစိုးရ အသစ်တာဝန်ယူစကပင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုံခြုံရေးနှင့်တည်ငြိမ်ရေး လုပ်ငန်းကော်မတီ၊ နိုင်ငံသားဖြစ်ရေး လုပ်ငန်းကော်မတီ၊ နေရာချထားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးုလုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီစသည့်ကော်မတီ(၄)ခုကိုလည်းဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းလက်တွေ့အကောင်အထည်ဖော်ရာမှာအင်တိုက်အားတိုက်နဲ့ အာရုံစိုက်ပုံဖော်ဆောင်ရွက်လျက်ရှိသော်လည်း အခက်အခဲများစွာရှိပါကြောင်း UEHRDကတဆင့် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ပြည်ပအသင်းအဖွဲ့များ၏ အကူအညီကို ရရှိခဲ့ပြီးယင်းတို့ ထဲကတစ်ခုအနေဖြင့် အိန္ဒ္ဒိယကတစ်နှစ်ကိုအမေရိကန်(၅)သန်းဖြင့်(၅)နှစ်အတွက် စုစုပေါင်း(၂၅) သန်း ထောက်ပံ့မည်ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများကိုအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ် အစိုးရကိုယ်စားလှယ်၊လွှတ်တော် ကိုယ်စားလှယ်ကြီးများက အကြေအလည်ဝိုင်းဝန်းအကြံပြုဆွေး နွေးကြ ရန်ဖြစ်ပါကြောင်း၊ စုံစုံညီညီတက်ရောက်လာကြခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး နားလည်မှုစာချွန်လွှာပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဝန်ကြီး ဌာနအသီးသီးမှ အဆိုပြုတင်ပြထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်လဲ့လဲ့အေးကရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက် ရောက်လာ ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက် မည့်လုပ် ငန်းများနှင့် ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးပြောကြားခဲ့ပါသည်။ တင်ပြလာမှုများအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က ပေါင်းစပ်ညှိနှိုင်း ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
#hl1
#npw_jun2018

Sign Up

Upcoming Events