===================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်းတုန်းမြို့နယ် (သပြုရေလယ်/ ဆားမလောက်/ ချောင်းကြီး/ စက္ကော့ရေလယ်/ ဆင်ထုံး/ မြမ္မာပြသာ/ တဇင်ရေကျော်) ကျေးရွာအုပ်စုတို့၌ (၂၅-၅-၂၀၁၈၊ ၉/၁၀/၁၁/၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျခဲ့သည့်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၈) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၁) အိမ်ထောင်စာ၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာနှင့် (၂၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ရန်ကျန်ရှိသည့် ပြိုကျနေအိမ် (၄) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး အပါအဝင် စုစုပေါင်းနေအိမ် (၃၀) လုံးအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂,၅၇၀,၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၁၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၈၁၄၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၈၅၁,၄၀၀ိ/-) အား ညောင်တုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး၊ ဦးကျော်ဆန်းတို့နှင့်အတူ (၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင်လည်းကောင်း၊
ပန်းတနော်မြို့နယ် (ရွှေလှေ/ မင်းဂရု/ မြစ်ဝ/ အင်းတကော) ကျေးရွာအုပ်စုတို့၌ (၁၂/၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၇) အိမ်ထောင်စာနှင့် ကမ်းပြိုဘေးသင့်နေအိမ် (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် စုစုပေါင်းနေအိမ် ၂၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၉၇၅၀၀၀ိ/-) စုစုပေါင်းလူဦးရေ (၁၀၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၂၂၆၀၀ိ/-) ကို လည်းကောင်း၊ ကဿဝင်ကျေးရွာအုပ်စု၌ (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၅၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅၈) အိမ်ထောင်စာ၊ လူဦးရေ (၂၉၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆၁၅၃၀၀ိ/-) အား (၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် လည်းကောင်း၊
ဓနုဖြူမြို့နယ် ကျောင်းစုကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင် ပြိုကျခဲ့သည့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၀၅၀၀ိ/-) အား (၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင်
ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။