Category Archives: News
-
ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွေရွှေ ကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀ိ/-) ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ ယူကော်ခို(၁၃)ကုန်းရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ ယူကော်ခို(၁၃)ကုန်းရပ်ကွက်၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၆၃၀၀ိ/-)၊ စုစုပေါင်း (၂၀၆၃၀၀ိ/-)တို့ကို (၂၁-၆-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာ၌ (၁၃/၁၄-၆-၂၀၁၈) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀ိ/-) ကျပ်အားလည်းကောင်း၊ အေရာကျေးရွာအုပ်စု၊ အမှတ် (၁/၂) ရပ်ကွက်တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ရေဘေးဖြစ်ပွားခဲ့ရာ ပြိုကျပျက်စီးနေအိမ် (၆) … Read more
-
မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦလွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
(၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၈:ဝ၀) နာရီတွင် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ၌ ACTION CONTRE LA FAIM(ACF) မှ ဆောက်လုပ်လှူဒါန်းသော Cyclone Shelter Handover Ceremony (မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ) လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးကျော်မင်းမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2018Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
(၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ Action Contre La Faim (ACF) မှ ဆောက်လုပ်လှူဒါန်းသော မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ (၄၅x၃၆) ပေ (၁) လုံး လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦအား လွှဲပြောင်းလက်ခံခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jun2018
-
လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လားရှိုးမြို့၊ ရပ်ကွက် (၉)၊ အမှတ်(၈)တပ်မတော်ပညာရေးကျောင်းခန်းမ၌ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ ဆူနာမီဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
=================================================== Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့၊ ရပ်ကွက် (၉)၊ အမှတ်(၈)တပ်မတော်ပညာရေးကျောင်းခန်းမ၌ (၂၀-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ စစ်သည်/ရဲမေ အင်အား (၉၅) ဦးခန့်အား မိုးကြိုးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ ဆူနာမီဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး သဘာဝဘေးဗွီဒီယိုဖိုင်များအား ပရိုဂျက်တာဖြင့် ပြသခဲ့ကြောင်း သိရှိရပါသည်။
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့နှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ တတိယအကြိမ် Consulation Workshop On Rakhine State Disaster Management plan (ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ)ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဌာနဆိုင်ရာဝန်ထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ပြည်တော်သာဈေးအတွင်း) မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ပြည်တော်သာဈေးအတွင်း) (၁၈-၆-၂၀၁၈) ရက်နေ့၊ (၂၀း၃၀) နာရီအချိန်တွင် ထမင်းဆိုင်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ပိုင်ရှင် ဒေါ်အေးမြင့်ကြူ (အသက်၅၈နှစ်)နှင့် မဇင်မာဦး (အသက်၂၈)နှစ်တို့မှာ မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်အတွက် (၁)ဦးလျှင် (၅၀၀၀၀ိ/-) နှုန်းဖြင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁၀၀၀၀၀ိ/-) အား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၆-၂၀၁၈) … Read more
-
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော ကျေးရွာအုပ်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁/၁၂/၁၃-၆-၂၀၁၈) ရက်နေ့များတွင် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပွားခဲ့သော တောင်ကုတ် မြို့နယ်၊ လမူးမော်ကျေးရွာအုပ်စု၊ လိပ်ကုန်းဘောင်ကျေးရွာ၊ သူငယ်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာများမှ အိမ်ထောင်စု (၆၉၄) စု၊ လူဦးရေ (၂၇၇၃) ဦးတို့အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှပေးပို့သည့် ဆန်ရိက္ခာ (၃) ပတ်စာဖိုးငွေ (၁၇,၄၆၉,၉၀၀ိ/)ကျပ်နှင့် ကျောက်ဖြူ ခရိုင် ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ (၁) ပတ်စာဖိုးငွေ (၅,၈၂၃,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း … Read more
-
မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် (၁၉-၆-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်၌ လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ မီးလောင်ကျွန်းကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more









