လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်စီမြို့နယ်၊ ရေခူးမံခံကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာသို့ (၂၃-၆-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၅) အိမ်ထောင်စာ၊ (၃၂) မျိုးပါ Relief Kit (၁၅) ဖာနှင့် လူဦးရေ (၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇၄,၃၀၀ိ/-)ကျပ်တို့အား (၄-၇-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_jul2018