အသက်ကယ်အကျီႋများထောက်ပံ့ပေးအပ်မှုသတင်း

ကျောက်တော်မြို့နယ်ရှိ ရေလမ်းခရီးအသုံးပြုပြီး လှေစီး၍ ကျောင်းတက်ရသော အပေါက်ဝ၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၄၀) ဦး၊ ကွမ်းအုံချာင်း၊ အလယ်တန်းကျောင်းရှိ ကျောင်းသား/သူ (၂၅) ဦး၊ ကန်စောက်၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၁၁၇) ဦးနှင့် ဝဲကြီးထောင့်၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ(၇၃)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၅၅) ဦးတို့အတွက်တို့အတွက် Lifejacket (အသက်ကယ်အကျီႋ) (၂၅၅) ထည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်၊ ရခိုင်ပြည်နယ် အခြေခံပညာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒုညွန်မှူး ဦးစိန်ထွန်းလှတို့နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၄-၇-၂၀၁၈) ရက်နေ့တွင် ကျောင်းသား/သူများ လက်ဝယ်သို့ တိုက်ရိုက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_jul2018

Sign Up

Upcoming Events