Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ မြောက်ဦးမြို့နယ်၊ သရက်တောကျေးရွာစာသင်ကျောင်း၌ ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၃၅) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_jun2018
-
မသန်စွမ်းများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၏ အခြေခံအခွင့် အရေးများရရှိရေး၊ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဇွန် ၂၄ မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွင့်လှစ်ခြင်းဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် Information, Communication & Technology Training Center ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိပွန်ဖောင်ဒေးရှင်း Executive Director Mr. Yuji Mori နှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၃-၆-၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ နေ့လည် (၁၂း၃၀)အချိန်ထိ မြောက်ဦးမြို့နယ်၊ သဘောကျေးရွာစာသင်ကျောင်၌ ကျေးရွာသူ/သား(၁၀၅)ဦးတို့အားလည်းကောင်း နေ့လည်(၁၃း၃၀)အချိန်မှ (၁၅း၃၀) အချိန်ထိ မြောက်ဦးမြို့နယ်၊ ငါးခူတောင်ကျေးရွာစာသင်ကျောင်း၌ ကျေးရွာသူ/သား(၁၂၀)ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များအား တက်ရောက်လာသူများ ထံဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများနှင့် ပက်သက်၍ ကွင်းဆင်းဆောင်ရွက်
နေပြည်တော်၊ဇွန် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့ရှိ ဆုတောင်းပြည့် သီဟိုရှင်နှင့် ရွှေကူမြတ်စွာဘုရားတို့အား ဖူးမျှော်ကြည်ညိုကာ ပန်း၊ရေချမ်း ဆပ်ကပ်လှူဒါန်းပြီး အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟို ကော်မတီ ဒုတိယဥက္ကဌပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းဆွေ၊ ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမ(၂)တွင် ကျင်းပပြုလုပ် သည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မြရိပ်ညို (၂) လမ်းနှင့် ဇီဇဝါလမ်းထောင့်၌ (၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၀း၄၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သော ကျူးကျော်တဲ (၁၆) လုံး၊ အိမ်ထောင်စာ (၁၇) စုမှ လူဦးရေ (၈၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၇) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၁၇၄,၃၀၀ိ/-)ကျပ်တို့အား (၂၂-၆-၂၀၁၈) … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်အုပ်စုနှင့် မဲဇလီကျေးရွာအုပ်စုတို့တွင် (၁၃-၆-၂၀၁၈) ရက်နေ့နှင့် (၁၅-၆-၂၀၁၈)ရက်နေ့တို့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၁) လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၉၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၁)သိန်း၊ ဆန်ရိက္ခာဖိုး (၂၀၅,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၃၀၅,၈၀၀ိ/-)ကျပ်ကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲအုပ်စု၊ လက်သမားကရင်အုပ်စု၊ သဲနုကုန်းအုပ်စု၊ … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့ နယ်၊ ကွေ့မအုပ်စု၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ပိန္နဲကွင်းကျေးရွာအုပ်စုတို့တွင် (၁၃-၆-၂၀၁၈) နေ့မှ (၂၀-၆-၂၀၁၈) နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၄) လုံး၊ ရေမျောပါအိမ်ခြေ (၁) လုံး၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၂၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၄) အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ … Read more
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးနှင့် အခြားဘေးသတင်းများဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၆.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀)နာရီအထိ ကျိုင်းတုံမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဇေတဝန်ဘုန်းတော်ကြီး)တွင် လူဦးရေစုစုပေါင်း (၂၂၀)ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်းအား ဆွေးနွေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_jun2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ် သောင်ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာ၌ (၁၆-၆-၂၀၁၈) ရက်နေ့နှင့် (၂၀-၆-၂၀၁၈) ရက်နေ့တို့တွင် ဧရာ ဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၃) ရွာတို့၌ ((၁၀/၁၂-၆-၂၀၁၈) ရက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၂) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၄) … Read more









