လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာ၌ (၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်တို့အား (၁၀-၇-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#lsd
#tny_jul2018