လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ မြိတ်မြို့နယ် သားဖွားသင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများနှင့် သူနာပြုသင်တန်းသူများ စုစုပေါင်း (၁၀၈) ဦးတို့အား သဘာဝဘေး များနှင့် မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟော ပြောခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် ဘောလ်ပင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး ဗီနိုင်းပိုစတာ (၁) ခု ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_tls
#tny_jul2018