ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်၊၁၀-၇-၂၀၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏၆/၂၀၁၈လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဥက္ကဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

ကော်မတီဥက္ကဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော ကော်မတီအစည်း အဝေးသည် ၂၀၁၈ ခုနှစ်အတွင်း (၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ကော်မတီစတင်ဖွဲ့စည်း ကတည်း ကဆိုလျှင် (၁၅) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး လုံခြုံရေး၊ လူမှုစီး ပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး စသည့် အချက် (၃) ချက်ကို အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် (၈၈) ချက်တွင် အချက် (၈၀) ခန့်ကို အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို ဆောင်ရွက်နိုင်ရေးအတွက်လည်း ပြည်နယ်အစိုး ရနှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို ထုတ်ပြန်မှုအနေဖြင့် ဒုတိယအကြိမ် ပြည်သူသို့ အစီ ရင်ခံစာကို နိုင်ငံပိုင်သတင်းစာများတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် မြန်မာဘာသာဖြင့်လည်း ကောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ် ပြည်သူသို့အစီရင်ခံစာထုတ်ပြန် နိုင်ရေးအတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း မြေပြင်တွင် ပြန်လည်ဆန်းစစ်လျက် ရှိပါကြောင်း၊ လက်တွေ့အခြေအနေပြောင်းလဲမှု အမှန်တကယ်ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

ယင်းနောက် ဆောင်ရွက်ရန်ကျန်ရှိသည့် အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ကော်မတီဥက္ကဌ၊ ပူးတွဲဥက္ကဌနှင့်အတူ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

ပူးတွဲကော်မတီဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးရာတွင် ပြည်နယ်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျန်ရှိနေသည့် လုပ်ငန်းများကို ပြန်လည် ဆန်းစစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ IDP စခန်းများပိတ်သိမ်း ရေးကို စနစ်တကျဆောင်ရွက်နိုင်ပါရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းကို ပိတ်သိမ်းနိုင်ရေးအတွက် စီမံချက်ချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသဖွံ့ဖြိုးရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ NV Card ဆောင်ရွက်မှုသည်လည်း အောင်မြင်မှုများရရှိပါကြောင်း၊ အတူလက်တွဲနေထိုင်ရေးအတွက် သိမ်သိမ် မွေ့မွေ့၊ ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နေရပါကြောင်း၊ ကိစ္စတိုင်းအတွက် လုံခြုံတည်ငြိမ်ရေး ကိုဦးစား ပေးဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံမြို့မိမြို့ဖ၊ ရပ်မိရပ်ဖများနှင့် ဆွေးနွေးညှိနှိုင်းကာ ပြည်သူ၏အသံ နားထောင်ပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆွေးနွေးရာ၌ပြန်လည်လက်ခံရေးစခန်းများတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းနှင့်မှုခင်းတပ်ဖွဲ့တို့မှ ဝန်ထမ်း အင်အားများကို တိုးမြှင့်ချထားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှဖိုးခေါင် အဝင်လမ်းဖြစ်သည့် မောင်တော-ရွှေဇား-ပြင်ဖြူလမ်းဆုံ ကတ္တရာခင်းခြင်းကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှဖိုးခေါင်စခန်းအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ယင်းနောက်ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင် ပြည်နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြေပုံ IDP စခန်း ပိတ်သိမ်းရေးလုပ်ငန်းများ၊ လှဖိုးခေါင်အဝင်လမ်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေး ခဲ့ပါသည်။

ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အကြံပြုချက်များအပေါ် ဆောင်ရွက်မှုအခြေအနေများကို အဖွဲ့ဝင် ဝန်ကြီးဌာနများက လစဉ်တင်ပြချက်များအပြင် ထူးခြားချက်များရှိပါက ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီတင်ပြစေလိုပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများတွင် ဝန်ထမ်းအင်အား ဖြည့်တင်း ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မှုကိစ္စရပ်များ၊ ပြန်လည် လက်ခံရေးစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များ အားဖြည့် ဆည်းပေးမှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီးကော်မတီဝင်ဝန်ကြီးဌာနအသီးသီး၏ တင်ပြဆွေးနွေးချက်များအပေါ် ကော်မတီ ဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့ကလိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jul2018

 

Sign Up

Upcoming Events