Category Archives: News
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပေါမိုင်းရပ်၊ သာစည်ကျေးရွာတွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် (၆-၇-၂၀၁၈)နေ့ တွင် ပြောင်းရွှေ့ခဲ့သော နေအိမ်( ၁ )လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၄,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁-အိမ်ထောင်စာ) အား (၈-၇-၂၀၁၈) နေ့ ကျင်းပပြုလုပ်သည့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်ဥက္ကဌများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူး၊ ရဟန်းရှင် ပြည်သူများနှင့် ပူးပေါင်း၍ (၈-၇-၂၀၁၈)နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လယ်စုကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ထိခိုက်ဒဏ်ရာမှ ခြေထောက်ဖြတ်တောက်ခဲ့ရ သည့် မီးသတ်တပ်သား (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၆-၇-၂၀၁၈) ရက်နေ့တွင် ခရိုင်မီးသတ်ဦးစီးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #mgy_jul2018
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်း၊ ဥယျာဉ်စုဘုန်းကြီးကျောင်း၌(၆-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)၊ လူ/ယောဂီဒေါ်ခင်ထားမြင့် (၈၁) နှစ်သေဆုံးတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ သံဃာတော်တစ်ပါးအတွက် သင်္ကန်း ဒွိစုံ (၁)စုံ၊ သီလရှင်တစ်ပါးအတွက် သီလရှင်ဝတ်စုံသင်္ကန်း (၁) စုံ၊ ယောဂီအမျိုးသမီးတစ်ဦးအတွက် တီရှပ်(၁) ထည်နှင့် မလုံချည် (၁) ထည်တို့အား (၇-၇-၂၀၁၈)ရက်နေ့၊ (၁၂း၃၀) နာရီချိန်တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့ နယ်၊ (ဈ) ရပ်ကွက်၊ မင်းရန်အောင် (၄) လမ်း၌ (၅-၇-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီးကျေးရွာ အရှေ့ပိုင်း သန္တိသုခလမ်းတွင် (၅-၂-၂၀၁၈) ရက်နေ့၊ (၀၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၆၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၂,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ (၅၁၂,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ် သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာနှင့် မဲသောင်ကျေးရွာတို့တွင် (၂-၇-၂၀၁၈) ရက်နေ့မှ (၄-၇-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၃) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၃,၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၁၁,၃၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၄,၁၁,၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုနှင့် စစ်ကုန်းကျေးရွာအုပ်စုတို့တွင် (၅-၇-၂၀၁၈)နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၄)လုံး၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၅၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄) သိန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၅,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၁၅,၅၀၀ိ/-) ကျပ်တို့အား (၆-၇ -၂၀၁၈) ရက်နေ့တွင် … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် သည် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်းအနားသို့ ယနေ့မွန်းလွဲပိုင်းတွင် တက်ရောက်အမှာစကားပြောကြားသည်။ ယနေ့အခမ်းအနားသည် (၂.၃) သန်းကျော်သော မသန်စွမ်းပြည်သူများအပြင် အများပြည်သူများ မျှော်လင့်လျက်ရှိသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်း အနား ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဟူ၍ ရှေးယခင်အချိန်က တည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၁၁ … Read more
-
ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၈)ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၊ မှန်တောင်ဘုန်းတော်ကြီးကျောင်းတွင် မိုးကြိုးဘေးအသိပညာပေးဟောပြောပွဲကို နေ့လည် (၁၂၀၀)နာရီမှ (၁၃၀၀)နာရီအထိ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









