လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

22_Pic_02 22_Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၈) ရက်နေ့ ည(ရး၅၀)နာရီချိန် သထုံမြို့ နယ်၊ နန်းခဲရပ်ကွက်နှင့် လိပ်အင်းရပ်ကွက်၊ မြေနီကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့်လူနေအိမ် (၆) လုံးသွပ်အမိုးလန်ပြီး၊ ဓနိမိုး၊ ထရံကာ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပါ သည်။ ထို့အပြင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးပြီး ဓါတ်ကြိုးပြတ်ကျမှုကြောင့် စာကျက်ဝိုင်းမှ ပြန်လာသော (၇) တန်း ကျောင်းသူ မဖူးပွင့်ဝေ အသက် (၁၂)နှစ် (ဘ) ဦးဇေယျာသည် ဓါတ်လိုက်သေဆုံးခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ (၂၁-၇-၂၀၁၈) ရက်နေ့တွင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဒေါ်ခိုင်ခိုင်လဲ့နှင့် မွန်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊  ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့်အဖွဲ့သည် သေဆုံးသူ မိသားစုသို့ ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား လည်းကောင်း၊ တစိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀,၀၀၀) ကျပ်နှင့် လုံးဝပျက်စီးသွားသော ဓနိမိုး၊ ထရံကာနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄၁) ဦး အတွက် (၇)ရက်စာဖိုးငွေ (၈၆,၁၀၀)ကျပ်၊ စုစုပေါင်း (၁,၀၃၆,၁၀၀) ကျပ်တို့အား ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးနှင့်အတူ သထုံမြို့၊ နန်းခဲရပ်ကွက်၊ အဘယသုခဘုန်းတော်ကြီးကျောင်းတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_stt

#mon_jul2018

Sign Up

Upcoming Events