လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၇-၂၀၁၈)ရက်နေ့တွင် ဖျာပုံမြို့ နယ်၊ အမာမြို့ဘဝသစ် ကျေးရွာအုပ်စု၊ ခေတ္တာကျွန်းကျေးရွာ၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ် (၁၈) လုံးနှင့် ယိုင်လဲပျက်စီးအိမ်(၇)လုံး၊ အိမ်ထောင်စု(၂၅) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၉၄၀,၀၀၀) ကျပ်၊ လူဦးရေ(၁၁၄) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၂,၃၉,၄၀၀) ကျပ်၊ ပြိုလဲနေအိမ်ရှိ အိမ်ထောင်စု(၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၈) အိမ်ထောင်စုစာ၊ ယိုင်နဲ့အိမ်ထောင်စု(၇) စုအတွက်(၁၀) မျိုး (၇) အိမ်ထောင်စုစာကို လည်းကောင်း၊ အမာမြို့၊ အမှတ် (၁) ရပ်ကွက်တွင်လည်း အဆိုပါလေဆင်နှာမောင်း ဘေးကြောင့် နေအိမ်(၃) လုံးပြိုလဲပျက်စီးခဲ့ပြီး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးလေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ ဆန်(၇) ရက်စာဖိုးငွေ (၂၅,၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးတို့ကို (၂၁-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား အမာမြို့အုပ်ချုပ်ရေးမှူး၊ ဖျာပုံခရိုင်ဦးစီးမှူး (ဘစမ) တို့မှ အားပေးစကားနှစ်သိမ့်စကားများပြောကြားပြီး သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_stt
#ayy_jul2018