ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၀.၇.၂၀၁၈) ရက်နေ့ (၂၂း၃၀)အချိန်မှစ၍ သောင်ရင်းမြစ်ရေမြင့် တက်မှုကြောင့် မြဝတီမြို့ အမှတ်(၂/၄/၅) ရပ်ကွက်ရှိအိမ်ထောင်စုများအား အမှတ် (၅)ရပ်ကွက်၊ ကျွန်းတော ဈေး၊ အမှတ်(၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ၊ အမှတ်(၂) ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၁၀၂)စု၊ ကျား (၂၃၉)၊ မ(၂၇၈) ပေါင်း (၅၁၇) ဦးအတွက် တစ်ဦးလျှင် ရေသန့် (၂)ဘူးနှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁,၃၂၃,၀၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#krn_jul2018