Category Archives: News
-
ဘီးလင်းမြို့နယ် မဲလံဂေါင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
============================================== Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် မဲလံဂေါင်းကျေးရွာ၌ (၂၃-၇-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၇) ဦးအတွက် ဆန်ဖိုးငွေ(၇)ရက်စာ (၁၄၇၀၀ိ/-) ထောက်ပံ့ငွေစုစုပေါင်း (၁၁၄၇၀၀ိ/-) တို့အားလည်းကောင်း ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ Family kit (၁)၊ ရေပုံးအဖုံးပါ(၂)ပုံးတို့အား (၂၅-၇-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီချိန်တွင် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း … Read more
-
မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက် ၊ညောင်ပင်ဈေးရပ်ရှိ ဟာရီတောင်မြေပြိုမှုကြောင့် လုံးဝပျက်စီးသွားသောလူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း)(၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ အုပ်ညှပ်)(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း)(၁)လုံး လုံးဝပျက်စီးသွားသော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ တန်ဖိုး(၃၂၃၅၃ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ တန်ဖိုး(၂၅၀၂၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၂၁၀၀၀ိ/-)တို့အား (၂၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd … Read more
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
=============================================== Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲအစည်းများ၊ သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ (၂၅-၇-၂၀၁၈) ရက်နေ့တွင် ရေဘေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၄၀၀)ကျော်ခန့် တက်ရောက်ခဲ့ပါသည်။အဆိုပါရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းတွင် ကြိုတင်သတိပေးခြင်း၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ လူဦးရေစာရင်းကောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အားပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ လုံခြုံရေးပေးခြင်း စသည်တို့ကိုဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မှုသတင်း
လန်ဒန်၊ ဇူလိုင် ၂၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် (၂၃.၇.၂၀၁၈) ရက်နေ့မှ (၂၄.၇.၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းထိပ်သီးဆွေးနွေးပွဲအား Department for International Development (UK)၊ ကင်ညာနိုင်ငံအစိုးရနှင့် International Disability Alliance တို့က ပူးပေါင်းကျင်းပခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ (၇၅)နိုင်ငံမှ ကိုယ်စားလှယ် (၇၅၀)ဦး ပါဝင်တက်ရောက်ခဲ့ကြပါ သည်။ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် Civil … Read more
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈)ရက်နေ့နှင့် (၂၅-၇-၂၀၁၈)ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပြည်သူလူထုစုစုပေါင်းအင်အား (၃၀၀)ဦး ပူးပေါင်းပါဝင်ခဲ့ပါသည်။ အဆိုပါ ရေဘေးသဏ္ဌာန် တူဇာတ်တိုက်လေ့ကျင့်ခန်းတွင် ကန်ကြီးထောင့်မြို့နယ်၌ သဘာဝဘေးဖြစ်ပွားလာပါက အသုံးပြုနိုင်ရန်အတွက် ဆိုလာမီးအိမ်(၃)လုံး၊ ရေဒီယို (၂)လုံး၊ Hand Speaker (၂)လုံး၊ First Aid … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအား (၂၅-၇-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဒေါင့်ကြီးဘုန်းတော်ကြီးကျောင်း၌ အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့သည်- (၁) ပန်းတနော်မြို့နယ် ရေပေါ်ကြီးအုပ်စုနှင့် ကဿဝင်အုပ်စုရှိ ကျေးရွာခွဲ (၃)ရွာ၌ (၁၈-၇-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆၁)လုံး အိမ်ထောင်စု (၆၁)အတွက် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆,၁၀၀,၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၂၈၀)အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈၈,၀၀၀ိ/-)စုစုပေါင်း ရန်ပုံငွေ … Read more
-
သထုံမြို့ ဒူးရင်းဆိပ်ကျေးရွာ ထပ်တိုး ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့ ဒူးရင်းဆိပ်ကျေးရွာ ထပ်တိုး ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၄၆)စု၊ လူဦးရေ (၁၇၄) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၃၄၇၅၀၀ိ/-) (၂၅-၇-၂၀၁၈) ရက်နေ့တွင် ဒူးရင်းဆိပ်ကျေးရွာ ရေဘေးရှောင်စခန်းများသို့ သွာရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် (၂၅-၇-၂၀၁၈) ရက်နေ့ထိ စုစုပေါင်းအိမ်ထောင်စု (၈၀) စု၊ လူဦးရေ (၃၇၂) ဦးအတွက် ဆန်ဖိုးငွေ (၇၈၁၂၀၀ိ/-) အား … Read more
-
ကံမမြို့ နယ် ၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာ မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့်နေအိမ် ဖျက်သိမ်းခဲ့မှုအတွက် ထောက်ပံ့ပြီးစီးခြင်းသတင်း
ကံမမြို့ နယ် ၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာတွင် (၂၄.၇.၂၀၁၈)ရက်နေ့၊ (၀၈:၁၅)နာရီအချိန်၌ မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း(၆)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၂,၆၀၀/-နှင့် နေအိမ်(၂)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၂၀၀,၀၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၂၁၂,၆၀၀/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့အား (၂၅-၇-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သမ္ဘရာကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : … Read more
-
ရေစီးနှင့် မျှောပါသေဆုံးခဲ့သူအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေစီးသန်မှုကြောင့် တိုကျေးရွာအုပ်စု ပိတပ်ကျေးရွာနှင့် လက္ကူးကျေးရွာအုပ်စု မြဒေါင်ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထယာယီဝါးတံတားသည် (၁၈-၇-၂၀၁၈) ရက်နေ့တွင် တံတားအလယ်မှ ပေ(၅၀)ခန့် ရေစီးနှင့်မျှောပါသွားခဲ့ရာ ပျက်စီးသွားသော တံတားအပိုင်းအစများသည် ပိတပ်ဘက်ရှိ ချောင်းနံဘေးသို့ စုပုံမျှောလာသဖြင့် ကမ်းနံဘေးတွင် ရပ်နားထားသည့်စက်လှေပေါ်တွင်ရှိသော ဦးစိုးသန်းသည် ၎င်းအပိုင်းအစများကို ဖယ်ရှားရာမှ ရေစီးနှင့်မျှောပါသွားခဲ့ပြီး (၂၁-၇-၂၀၁၈) ရက်နေ့တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရာ အဆိုပါသေဆုံးသူဦးစိုးသန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီမှ (၁၄း၃၀) အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကျောက်ခွက် သရက်တောကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









