ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်၍ (၂-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီ အချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်မည့် School Cum Shelter (၁၇) လုံး ဆောက်လုပ်မည့်လုပ်ငန်းများအတွက် တိုင်း/မြို့နယ် အဆင့် လုပ်ငန်းကြီးကြပ်ကော်မတီများအား၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် ဖျာပုံခရိုင်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်ပညာရေးမှူးများ ကျောင်းအုပ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တင်ဒါ အောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပေးသည့် အခမ်းအနားသို့ စုစုပေါင်း (၉၀) တက်ရောက်၍ တက်ရောက်သူများမှ အခက်အခဲများ အကြံပြုချက်များ လိုအပ်သည်များအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_aug2018