၃.၈.၂၀၁၈၊ နေပြည်တော်
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အပါတ်စဉ် ၁၉၇၄-၁၉၈၂ ဆေးတက္ကသိုလ်(၁) ကျောင်းသား/သူများမှ အလှူငွေကျပ် (၁၆၃) သိန်း နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနှင့် ဝန်ထမ်းမိသားစုများမှ အလှူ ငွေကျပ်(၂၃)သိန်းကို သြဂုတ်လ (၂)ရက်နေ့တွင် လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2018