ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

2 Pic 03

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၃၀-၇-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၇) အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၇၇,၇၀၀ိ/-) ကျပ်တို့အား( ၁-၈-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

#ha_rbe

#ayy_aug2018

Sign Up

Upcoming Events