Category Archives: News
-
ကော့သောင်းမြို့နယ်အတွင်း မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃၀- ၇- ၂၀၁၈) ရက် (၇:၄၅)အချိန်တွင် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အဆိုပါဘေးကြောင့် ထိခိုက်ခဲ့သော ဘေးသင့် အိမ်ထောင်စု(၅)စု အား ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးစီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက (၃၀-၇ -၂၀၁၈) ရက် (၁၆:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_jul2018
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue (HD Centre) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးတို့ သီးခြားစီ လာရောက် တွေ့ဆုံ
၃၀-၇-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးအား Centre for Humanitarian Dialogue(HD Centre) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူ Mr.ToshioNISHIMURA နှင့် ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ် ကြီးဖြစ်သူ H.E. Mr. Ichiro MARUYAMA တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီလာရောက် … Read more
-
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်ကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု၊ နန္တကျေးရွာနှင့် ညောင်တုန်းကျေးရွာတို့၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် လေဆင် နှာမောင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၇၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂,၀၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၅၃,၃၀၀ိ/-) ကျပ်နှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွား လျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော် ၊ ဇူလိုင်လ ၃၀ ရက် မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသော ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပြည်သူများကြုံတွေ့ ခံစားနေရသော ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၏တစ်ရက်တာ နေ့တွက်စရိတ်ကို ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့လာရောက်ပေးအပ်လှူဒါန်းရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ပြည်ထောင်စု၀န်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_jul2018
-
ရေနစ်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ (၁၉း၀၀)နာရီအချိန်တွင် အမ်းမြို့နယ်၊ တိုက်မော်အုပ်စု၊ ကံဇလီ(အောက်)ကျေးရွာနေ ဒေါ်ခင်ထွေးရီ အသက်(၄၆)နှစ် (ရွာဆော်) သည် ကံဇလီအထက်ကျေးရွာသို့ ရေကြီးလာနိုင်သောကြောင့် ကျေးရွာနေပြည်သူများ အသိပေးဆော်သြရန် ၎င်းနေအိမ်မှ ထွက်ခွာသွားရာ နေအိမ်သို့ ပြန်လည်ရောက်ရှိမှုမရှိသဖြင့် ရွာသားများမှ ဝိုင်းဝန်းရှာဖွေရာ (၂၈.၇.၂၀၁၈)နေ့ (၁၀း၃၀)အချိန်တွင် အမ်းမြို့နယ်၊ လက်ခွာဒွေကျေးရွာအုပ်စု တစ်ဘက်ကမ်းရှိ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူကျေးရွာအုပ်စု၊ ငန်းကျွန်းအနီးမြစ်ထဲတွင် ရေနစ်သေဆုံးလျက်တွေ့ရှိရပါသဖြင့် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရေနစ်သေဆုံးသူ(၁)ဦးအတွက် (၃)သိန်းကျပ်အား အမ်းမြို့နယ်အထွေထွေ/အုပ်ချုပ်ရေးဦးစီးဌာနသို့ (၃၀.၇.၂၀၁၈)ရက်နေ့တွင် … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် Myanmar Preparedness Partnership (MPP) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား (၃၀-၇-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်၌ အောင်သရဖူဟိုတယ်ခန်းမ၊ ပခုက္ကူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ CSO များနှင့် သင်တန်းသူ/သား (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊ အဆိုပါသင်တန်းအား (၃၀-၇-၂၀၁၈) ရက်နေ့မှ (၁-၈-၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသူ/သား (၃၀) ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၈)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ ကျောက်ဖြူမြို့၊ အ.ထ.က(၁)၌ ဆရာ/ဆရာမများ၊ ကျာင်းသူ/သားများစုစုပေါင်း (၄၀၀) ဦးကျော်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲ တွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ၊ ဘောပင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးဖြစ်ပွားမှုဗီဒီယိုပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #rke_jul2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးမြို့မှ မွန်ပြည်နယ် ဘီးလင်းမြို့သို့သွားရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယာယီ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူလူထုများကို တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သော ဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများ၊ ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးခဲ့သော တပ်မတော်သား (၃)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ စက်တပ်လှေ (၅) စင်း ပေးအပ်ခြင်းနှင့် ရေဘေးခိုလှုံရာအဆောက်အဦး (cyclone shelter) (၂)လုံး ဆောက်လုပ်ရန် အတွက် … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက်
================================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချျက် ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေ ဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မောင်တောမြို့တွင် (၆.၀၆)လက်မ၊ ရေးမြို့တွင် (၅.၆၃)လက်မ၊ ပိုင်ကျုံမြို့တွင် (၅.၅၉)လက်မ၊ ဘားအံမြို့တွင် (၄.၂၁)လက်မ၊ ကမမောင်းမြို့တွင် (၄.၀၂)လက်မ၊ … Read more









