လေဘေးသင့် ဘာသာရေးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်နှင့် လှိုင်ရပ်ကွက်တို့တွင် (၃-၈-၂၀၁၈) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေး ကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အမိုးလန် နေအိမ် (၁၉) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၉) အိမ်ထောင်စာ၊ ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၃) ထုပ်၊ ပလပ်စတစ်ရေပုံး (၆) ပုံး၊ စုစုပေါင်းနေအိမ် (၂၂) လုံးအတွက် အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၇၉၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၉၉,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၈၉,၅၀၀/-) ကျပ်နှင့် UNHCR တာပေါ်လင် (၁၉) ချပ်တို့အား (၆-၈-၂၀၁၈) ရက်နေ့တွင် သွား ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mon_aug2018

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events