Category Archives: News
-
အင်္ဂပူမြို့နယ်၊ ထန်းတောစုအုပ်စု၊ ရွာဟောင်းကုန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထန်းတောစုအုပ်စု၊ ရွာဟောင်းကုန်းကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် (ဝါးအိမ်) အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၆၃၀၀) ကျပ်ကို (၁၇-၈ -၂၀၁၈) … Read more
-
မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီထိ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်
============================================ နေပြည်တော်၊ သြဂုတ် ၁၇ ——————————– မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်၌ (၁၇-၈-၂၀၁၈) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင်ကျင်းပသည်။ ထိုအခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် … Read more
-
ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဝန်ထမ်းများကိုယ်တိုင် ဆန္ဒထုတ်ဖော် ဆွေးနွေးခြင်း ဆောင်ရွက်
============================================ ၁၇-၈-၂၀၁၈၊ နေပြည်တော် ————————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲကို ၁၇-၈-၂၀၁၈ ရက်နေ့၊ နံနက်(၁၁)နာရီတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခုစလုံး၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး တာဝန်ရှိမှုအပြင် စေတနာကိုပါ ပေါင်းစပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊မိမိတို့၏ဆောင်ရွက်ချက်အတိုင်း ပြည်သူများအတွင်း ပုံရိပ်အဖြစ် ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ပုံရိပ်သည် ပြည်ထောင်စုဝန်ကြီးကစ၍ အခြေခံဝန်ထမ်း များအထိ ဝန်ထမ်းအားလုံး၏ဆောင်ရွက်မှုအပေါ်မူတည်ကြောင်း၊ ဆောင်ရွက်ချက်နှင့်ပုံရိပ် ထပ်တူကျ နေမည်ဖြစ်ကြောင်း၊ ဆောင်ရွက်တွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ … Read more
-
ပျဉ်မနားမြို့နယ်၊ ဂဲကြီးသာစည်ကျေးရွာရှိ စာသင်ကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
================================================ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ ပျဉ်မနားမြို့နယ်၊ ဂဲကြီးသာစည်ကျေးရွာရှိ စာသင်ကျောင်း၌ ကျောင်းသား/သူ (၂၆၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ပင်လယ်ဒီရေ ထူးကဲစွာမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အေးကုန်း၊ ခါးပြတ်၊ အောင်လှိုင်၊ ဗန္ဓာပင်ကျေးရွာများ၌ (၁၄-၈-၂၀၁၈) ရက်နေ့နှင့် (၁၅-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီရေ ထူးကဲစွာမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု ၄၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၄၁ အိမ်ထောင်စုစာ၊ လူဦးရေ (၁၇၆) ဦးအတွက် ဆန်ဖိုးငွေတစ်ဦးလျှင် ၇ ရက်စာ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ငဝန်မြစ်ရေလျံမှုကြောင့် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့ အမှတ် (၁၂)ရပ်ကွက်နှင့် အမှတ် (၁၄)ရပ်ကွက်များ၌ အိမ်ခြေ (၃၂၇)လုံး အိမ်ထောင်စု (၃၂၇)စုမှ လူဦးရေ (၉၈၀)ဦးအား ဆန်ရိက္ခာ (၄)ရက်စာ ဆန်အိတ် (၄၀)အိတ် (၂၀)ပြည် ( တန်ဖိုး – ၁၁၇၆၀၀၀/-)နှင့် မွေးကင်းစကလေးငယ် (၃)ယောက်အတွက် ငွေကျပ် (၃၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၀၆၀၀၀/-)ကျပ်တို့အား (၁၆-၈-၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ … Read more
-
ပန်းတနော်မြို့နယ်အတွင်း လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်း ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စုတို့၌ (၂၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃၈)လုံး အိမ်ထောင်စု (၃၈)စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၈၀၀၀၀၀ိ/)ကိုလည်းကောင်း၊ ရေပေါ်ကြီးကျေးရွာာအုပ်စု အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၆)လုံး အိမ်ထောင်စု (၂၆)စုအတွက် ထောက်ပံ့ရန်ကျန် ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၆၀၀၀၀၀ိ/)နှင့် စုစုပေါင်းလူဦးရေ (၁၁၀)ဦးအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်၍ (၁၅-၈-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ စုစုပေါင်းအင်အား (၂၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ayy_npw2018
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသတင်း
၁၆-၈-၂၀၁၈ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကော်မတီ၏အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို Hilton Hotel နေပြည်တော်၌ ယနေ့မနက် (၁၀)နာရီခွဲတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်ကော်မတီဒုတိယဥက္ကဌ၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr. Surakiart Sathirathai … Read more









