================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာ၌ (၂၅-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၇၀၀၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၉၇၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၃)အိမ်ထောင်စုစာ၊ ရေပုံးပြာ(၃)ပုံး၊ စောင်(၁၅)ထည်တို့အား (၃၀-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။