================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာနှင့် အမှတ်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတို့၌ (၂၂-၈-၂၀၁၈) ရက်နေ့မှ (၂၉-၈-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ(၉၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၅,၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁,၉၃,၂၀၀ိ/-)၊စုစုပေါင်း ထောက်ပံ့ငွေ (၂,၆၉၃,၂၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂၅)အိမ်ထောင်စုစာ၊ ရေပုံးပြာ(၂၅)ပုံးအား (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းနှင့် ပြည်သူများသဘာဝဘေးအသိပညာရစေရန် ဘေး(၈)မျိုးပါစာအုပ်၊ လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။