================================================
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု သဗြူငူကျေးရွာနှင့် သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု သင်္ကန်းပင်ဆိပ်ကျေးရွာတို့၌ (၂၂-၈-၂၀၁၈) ရက်နေ့နှင့် (၂၈-၈-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးနှင့် ရေဘေးတို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာ၊ စုစုပေါင်း နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ ရန်ပုံငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၆၄၇၀၀ိ/-) အား (၂၉-၈-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။