လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီး/ ရေလျှံမှု များဖြစ်ပွားခဲ့ရာ အဆိုပါ ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် သေဆုံးသူ (၁၄) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/-) ကျပ်တို့အား (၃၀-၈-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#krn_aug2018