================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အေးကုန်း၊ ခါးပြတ်၊ အောင်လှိုင်၊ ဗန္ဓာပင်ကျေးရွာများ၌ (၁၄-၈-၂၀၁၈) ရက်နေ့နှင့် (၁၅-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီရေထူးကဲစွာတက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၄၁) စုအတွက် ထောက်ပံ့ရန် ကျန်ရှိနေသည့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (ဓနိမိုး ဓနိကာ) (၄၁) သိန်း (တစ်အိမ်လျှင်၁သိန်းနှုန်းဖြင့်) ကိုလည်းကောင်း၊
(၁၅-၈-၂၀၁၈) ရက်နေ့နှင့် (၁၅-၈-၂၀၁၈) ရက်နေ့များတွင် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဘုရားလေးစုကျေးရွာ၊ အောင်လှိုင်ကျေးရွာနှင့် ဗန္ဓာပင်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ၊ ဆန် (၇) ရက်စာ ဖိုးငွေ (၂၉၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄) သိန်းကျပ်တို့ကိုလည်းကောင်း
(၂၉-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။