Category Archives: News
-
မြောင်းမြမြို့နယ်၊ ကံချောင်သရောဘုန်းကျေးရွာအုပ်စု၊ ကံချောင်ကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူတစ်ဦး၏ မိသားစုထံ ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
================================================ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံချောင်သရောဘုန်းကျေးရွာအုပ်စု၊ ကံချောင်ကျေးရွာ၌ (၂၁-၈-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့် လူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သုံးခွမြို့နယ်၊ ဇွဲထော်ကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာနှင့် ထုံးကြီးကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ ဇွဲထော်ကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာနှင့် ထုံးကြီးကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာတို့၌ (၂၀-၈-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၃) လုံး၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၄)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၅၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၂၆၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၇၆၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၇)အိမ်ထောင်စုစာအား (၂၃-၈-၂၀၁၈) … Read more
-
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာ၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာနှင့် အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာများ၌ (၁၈-၈-၂၀၁၈) ရက်နေ့မှ (၂၀-၈-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၉၉၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိ မြို့နယ်၊ မြောက်ကျောင်းစုဓမ္မာရုံ၌ ကျေးရွာသူ/သား စုစုပေါင်း (၃၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_aug2018
-
သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာနှင့် ရွှေအိုးကျေးရွာအုပ်စု၊ ရွှေအိုးကျေးရွာ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာနှင့် ရွှေအိုးကျေးရွာအုပ်စု၊ ရွှေအိုးကျေးရွာတို့၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါနေအိမ်(၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၆၅,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာတို့အား (၂၃-၈-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: … Read more
-
ဖားဆောင်းမြို့နယ်၌ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေလွှတ်ရာ နေရာသို့ ရွှေ့ပြောင်းခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၌ (၁၉-၈-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းအနီး ရေဝင်စိုက်ပျိုးခင်းအတွင်း နေထိုင်သည့် အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၃၂) ဦးတို့အား ရေလွှတ်ရာ နေရာသို့ ရွှေ့ပြောင်းခဲ့မှုရာ အဆိုပါရွှေ့ပြောင်းခဲ့သည့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၇၂၀၀ိ/-) ကို (၂၁-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေး ပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ (၂၃-၈-၂၀၁၈)ရက် (၀၉း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တခန်းမ၌ ရခိုင် ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာချမ်းသာမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ပြည်နယ်ဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဝင်များ၊ ခရိုင်အဆင့်သဘာဝဘေးစီမံခန့်ခွဲ မှုကော်မတီ ဥက္ကဌများ၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌများ၊ IOM အဖွဲ့အစည်းမှ … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းရှိ သင်တန်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတွေ့ဆုံအားပေး
သြဂုတ် ၂၂၊ မြိတ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော်ကြီးကို သွားရောက် ဖူးမျှော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်း၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ထားသော … Read more
-
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမစက်ဘက်ကမ်းကျေးရွာ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမ စက်ဘက်ကမ်းကျေးရွာ၌ (၂၀-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၂-၈-၂၀၁၈) ရက်နေ့၊ (၀၈း၂၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_aug2018
-
တနင်္သာရီမြစ်ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်အတွင်း၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း၌ တနင်္သာရီမြစ်ရေကြီး နစ်မြုပ်မှုကြောင့် နေအိမ်ပြောင်းရွှေ့သူ (၆၉၅၆) ဦးနှင့် ရေနစ်မြုပ်သူ ဦးစားပေးအိမ်ထောင်စု (၆၇၆၂) ဦး၊ စုစုပေါင်း (၁၃၇၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၂၈,၈၀၇,၈၀၀/-)ကျပ်အား (၂၁-၈-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug2018









