ရေဘေးသင့်ဒေသအမြန်ပြန်လည်ထူထောင်နိုင်ရန် သွပ်နှင့် ငွေများထောက်ပံံ့မှုသတင်း

 

နေပြည်တော်၊ စက်တင်ဘာ ၃

ဆွာချောင်းရေလှောင်တမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေတာရှည်မြို့နယ်အတွင်းမှ ရေဘေးသင့် နေအိမ်များ အမြန်ပြန်လည်ထူထောင်နိုင်ရေးအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင် ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက သွားရောက် ထောက်ပံ့ခဲ့ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ဘေးသင့်ဒေသများ အမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိကာ ဆွာချောင်း ရေလှောင်တမံရေပိုလွှဲကျိုးပေါက်ပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) စု၊ ကျေးရွာ (၈၅) ရွာမှ ပြိုကျမျောပါခဲ့သော နေအိမ် (၁၈၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၂၂) လုံး၊ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းတို့အတွက် ငွေကျပ် (၈၂,၂၆၀,၀၀၀/-) နှင့် ငွေကျပ် (၁၇,၅၇၅,၀၀၀/-) တန်ဖိုးရှိသွပ် (၄၆၂၅) ချပ်၊ သေဆုံးသူ (၅) ဦးအတွက် ငွေကျပ် (၁,၅၀၀,၀၀၀/-)၊ ငွေကျပ် (၇,၄၂၁,၄၆၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဘေးသင့်လူဦးရေ (၃၂၇၈၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၈၈၄၀,၁၀၀/-) စုစုပေါင်းငွေကျပ် (၁၇၇,၅၉၆,၅၆၀/-) အား ကနဦးထောက်ပံ့ပေးခဲ့ပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သေဆုံးသူ (၅) ဦး အတွက် ငွေကျပ် (၅၀၀,၀၀၀/-) နှင့် ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းက ငွေကျပ် (၅၀၀,၀၀၀/-) စီထောက်ပံ့ခဲ့ပါသည်။

ဆွာချောင်းရေလှောင်တမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး လိုအပ်သော ပြန်လည် ထူထောင်ရေးများ အမြန်ဆောင်ရွက်ရန် ယနေ့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လိုအပ်သောထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#bgo_sep2018

Sign Up

Upcoming Events