ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

4 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်အတွင်း၌ (၃၁-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ရေဘေးမှ ထောက်ပံ့ရန်ကျန်ရှိနေသော လူဦးရေ (၈၁၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇,၀၄၉,၉၀၀/-) ကျပ်အားလည်းကောင်း၊ အနောက်ဆင်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၌ (၂-၉-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ha_rbe
#bgo_sep2018

Sign Up

Upcoming Events