တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာ၌် (၃၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေမျောအိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊
လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄၇,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၇,၀၀၀/-) ကျပ်နှင့် ရေမျောအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၅) စုစာတို့အား လည်းကောင်း၊ ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု
(၁၁) စုစာတို့အား (၃-၉-၂၀၁၈) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ ထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_Sep2018

Sign Up

Upcoming Events