ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပါသည်။
အစည်းအဝေးသို့ နေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲ-ဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌက ပြန်လည်နေရာချထား ရေးလုပ် ငန်းကော်မတီအတွက် လုပ်ငန်းတာဝန်များကိုလည်း ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ ပြန်လည်နေရာချ ထားရေးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နေရာချရန် ကျေးရွာနေရာများ သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝင်ရောက်ပြီးပါက လုပ်ငန်းအစီအစဉ်များအတိုင်းဆောင်ရွက်ပြီး ကျေးရွာများကို ကျေးရွာအင်္ဂါရပ်နှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ပိုင်း အခြေအနေများအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြစေလိုကြောင်း၊ နေအိမ် များ ပြန်လည်ဆောက်လုပ်ရာတွင် လုပ်ငန်း တာဝန်များအတိုင်း UN-Habitat မှ အကြံပြုချက် များကို အခြေခံ၍ ဆောက်လုပ်ခြင်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြောကြားကာ လုပ်ငန်းကော်မတီပူးတွဲဥက္ကဋ္ဌပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံကလည်း လုပ်ငန်းတာဝန် တစ်ခုချင်း အလိုက် ဆောင်ရွက်ရမည့်အပိုင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့ဆောင်ရွက် နေရသည့် ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲ အခြေအနေများ၊ သီးခြားလိုအပ်ချက်များ၊ အကြံပြုချက်များ ဝိုင်းဝန်းဆွေးနွေး ကြပြီး အစည်းအဝေးအား (၁၃း၁၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
#hl2
#npw_sep2018
Source: MSWRR