Category Archives: News
-
ညောင်လေးပင်မြို့နယ်၊ ဆွဲဒလွဲကျေးရွာအုပ်စု၊ ပုဇွန်မြောင်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ်၊ ဆွဲဒလွဲကျေးရွာအုပ်စု၊ ပုဇွန်မြောင်းကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေ (၆၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၆၂,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၁၈) … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်အတွင်း၌ (၂၅/၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ပြည်သူ (၃၈၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၁၄,၈၀၀/-) ကျပ်တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_aug2018
-
ကမ်းပြိုဘေးကြောင့်ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကွဲကျေးရွာ၌ (၂၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဘေးသင့်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more
-
ရွှေကျင်မြို့နယ်၊ ဘောကထာကျေးရွာအုပ်စု၊ ဘောကထာကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ဘောကထာကျေးရွာအုပ်စု၊ ဘောကထာကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော သစ်ပင်ပိနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ ဒဏ်ရာရသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁,၁၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား(၂၇-၈-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ် … Read more
-
အထက မိုးမိတ်မြို့၌ ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၈) ရက်နေ့တွင် (၂၇-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အထက မိုးမိတ်မြို့၌ ငလျင်ဘေးအသိပညာပေးဟောပြောပွဲခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများ ခင်းကျင်းပြသခြင်း၊ ကျောင်းသား/သူများအား ငလျင်ဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဗီဒီယိုဖိုင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀) ခန့် ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၈)ရက်နေ့ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (တစ်အိမ်ထောင်စာ)၊ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၄,၂၀၀)နှင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံးမှ လူဦးရေ (၇)ဦးအတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၆၁၅)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပပြုလုပ်သော မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ကိုလောက်ကိုင်မြို့ နယ်ခန်းမ တွင် (၂၅-၈-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီး Dr အောင်သန်းမောင်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ လူမှုဝန်ထမ်းနှင့် ဘေးစီမံပြည်နယ်မှူးများမှ လူမှုကာ ကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များနှင့်မူးယစ် ဆေးဝါးအန္တရာယ်များအား ရှင်းလင်းဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၂၅၀)ဦးတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2018 Source: … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအား (၂၇-၈-၂၀၁၈) ရက်နေ့၊ (၁၄း၅၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ထွေ/အုပ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_aug2018
-
ညောင်ဦးမြို့နယ်၊ အထက ပုဂံမြို့၌ မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထက ပုဂံမြို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့ (၁၈း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေအိမ် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၅,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး အိမ်ထောင်စု (၇) စုစာအား (၂၈-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန် တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









