Category Archives: News
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၈)ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က တောင်ဇင်းကျေးရွာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့ကို အသိပညာပေးဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2018 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာ အ.လ.က လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမ များ နှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း၊ (၁၃း၃၀) နာရီအချိန်တွင် အ.လ.က (ခွဲ) လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Sep2018
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ အ.လ.က မယ်ဟုတ်ကျောင်း တွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၂၄၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးသန်းစိုးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ အလယ်ကျွန်း ကျေးရွာတွင် (၁၁- ၉-၂၀၁၈)နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁)လုံး၊ ၎င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-) ကျပ်တို့အား (၁၂-၉ -၂၀၁၈)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ရေဘေးဒဏ်ခံရသောပြည်သူများအတွက် ကိန္နရီချည်ချောလုံချည်များပေးအပ်လှူဒါန်းမှုသတင်း
စက်တင်ဘာ(၁၂)နေပြည်တော် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် ဦးအုန်းကျော်၊ ဒေါ်မှီ ကိန္နရီချည်ချောလုံချည်ကုမ္ပဏီမိသားစုမှ ငွေကျပ် (သုံးဆယ့်ရှစ်သိန်းငါးသောင်း) တန်ဖိုးရှိ ကျားဝတ်လုံချည် အထည် (၁၀၀၀) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းပါသည်။ အလှူရှင်မိသားစုက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူပစ္စည်းများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_Sep2018
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNHCR အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီးဦးဆောင်သောအဖွဲ့ တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၁၂.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့တို့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ UNHCR မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာ၌ (၆–၉–၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဘိုး(၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့အား မော်လမြိုင် ကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂–၉–၂၀၁၈)ရက်နေ့(၁၂း၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2018 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ လပွတ္တာလုပ်တောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဆရာ/ဆရာမ (၁၇) ဦးနှင့် ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၆၇) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)နေ့တွင် (၀၉း၀၀)မှ (၁၁း၀၀)အထိ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျးရွာ၌ မုန်တိုင်းသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စေတီယျကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း(၁၄၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက်မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများ မှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲကြော်ကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ သဘာဝဘေးအတွက်ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ … Read more









