Category Archives: News
-
တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာ၌် (၃၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေမျောအိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄၇,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၇,၀၀၀/-) ကျပ်နှင့် ရေမျောအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု … Read more
-
မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း၊ လယ်သာကြီး အုပ်စု၊ ချောင်းမငယ်ကျေးရွာ၌ (၁-၉-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက် လာမှုကြောင့် ကမ်းပါးပြိုကျမှုမှကာကွယ်ရန် ကြိုတင်ပြောင်းရွှေ့နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးငွေ (၂၉,၄၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၃-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိ မြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင်ကျေးရွာ၌ ကျေးရွာသူ/သား (၂၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npt_Sep2018
-
မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း၊ ရှမ်းစုကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာ၌ (၁-၉-၂၀၁၈) ရက်နေ့တွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှုမှကာကွယ်ရန် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေး … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
================================================ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၈) ရက်နေ့တွင် ချောင်းဝရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ရပ်ကွက်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ရပ်ကွက်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လူဦးရေ (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရဲနွယ်ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက်တံတားများ မျောပါပျက်စီးခဲ့ပြီး လတ်တလော အသုံးပြုနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့မှုများပြုလုပ်
================================================= စက်တင်ဘာ ၂၊ ပြွန်တန်ဆာ——————– ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသရှိ ရဲနွယ်ချောင်းရေလျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးတစ်လျောက်ရှိ ကျေးရွာများဖြစ်သော ဂျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာရှိ ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲကြုံတွေ့ရပြီး ချောင်းတစ်လျောက်ရှိ ကျေးရွာအချင်းချင်း ကူးသန်းသွားလာခြင်း၊ ကုန်စည်ရောင်းဝယ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် ပုံမှန်ဆက်သွယ်ကူးသန်းသွားလာနိုင်ရန် ကျေးရွာချင်းဆက်တံတားများ အမြန်လိုအပ်လျက်ရှိသောကြောင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၂-၉-၂၀၁၈) … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၈)နေ့ (၁၀:၃၀) နာရီမှ(၁၁း၀၀)နာရီအထိ မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ စုစုပေါင်း(၈၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ေကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2018 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
School cum shelter ဆောက်လုပ်နေမှုအခြေအနေ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁)ရက်နေ့တွင် ဖျာပုံမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာသို့ သွားရောက်၍ School cum shelter ဆောက်လုပ်နေမှုအခြေအနေစစ်ဆေးခြင်းကို လိုက်ပါဆောင်ရွက်ခဲ့ပြီး ဂေါ်ဒူကျေးရွာ အခြေခံမူလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ဆရာ/ဆရာမ (၂၁၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဝေငှအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ ပင်လယ်ဒီရေမြင့်တက်မှုကြောင့် နေအိမ်များ တိုက်စားပြိုကျခံစား နေရသည့် ကမ်းခြေနေရာ များသို့သွားရောက်ကြည့်ရှုခဲ့ကြပြီး ရွာအတွင်း၌လည်း လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ ၎င်းကျေးရွာသည်ပင်လယ်နှင့်အနီးကပ်ဆုံးနေရာဒေသဖြစ်ပြီး ဘေးဖြစ်နိုင်ခြေအများ … Read more









