လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာ၌ (၆–၉–၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဘိုး(၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့အား မော်လမြိုင် ကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂–၉–၂၀၁၈)ရက်နေ့(၁၂း၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_sep2018
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)