Category Archives: News
-
ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု (၁၀၀) ဦးခန့်တို့အား ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ ဆယ်မိုင် ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ ကျေးရွာသူ/သားများ စုစုပေါင်း (၄၅၀) ဦးဖြင့် မုန်တိုင်းဘေး ဇာတ်တိုက် လေ့ကျင့်ခြင်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_str #tny_Sep2018
-
မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်၊ တောပင်လုံကျေးရွာ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ တောပင်လုံ ကျေးရွာ၌ (၂ – ၉ – ၂၀၁၈) ရက်တွင် ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးနှင့် ထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တိတိအား (၄-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #kcn_Sep2018
-
အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ (သဒ္ဒမ္မကျွန်းကျေးရွာ ကျွန်းကြီး ကျေးရွာနှင့် ရွှေပြည်သာကျေးရွာ) တို့၌ (၃၁-၈-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၀၇) ဦးတို့အတွက် (၄၆၂,၇၅၀/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၅၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၂၄,၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ (၃၁-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၇,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၃) စုစာတို့အား (၄-၉-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ဘိုကလေးမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၁၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
စလင်းမြို့နယ်အတွင်းကမ်းပြိုဘေးကြောင့်ဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၇) ၌ (၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၈၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၆၅,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉,၃၆၅,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၈၅) စုစာတို့အား(၄-၉-၂၀၁၈) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ … Read more
-
ရေဝင်ရောက်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် သောက်ရေသန့်စက်ပစ္စည်းများအပါအဝင် မိသားစု အရေးပေါ် သုံးပစ္စည်းများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မကျီးကျွန်းကျေးရွာ၌ (၃-၉-၂၀၁၈) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးနှင့် ကနေဒါနိုင်ငံ၊ တိုရမ်တိုမြို့အခြေစိုက် (Global Medic) အဖွဲတို့မှ သောက်ရေ သန့်စက်ပစ္စည်းများအပါအဝင် မိသားစုအရေးပေါ်သုံးပစ္စည်း (၄၇၅) စုံအား ရေဘေးသင့်ပြည်သူများအတွက် သွား ရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #krn_sep2018
-
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ အလှူငွေများပေးအပ်လှူဒါန်း
==================================================== နေပြည်တော် ၊ စက်တင်ဘာလ ၄ ရက်———————————– မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဘေးများကြောင့် ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့်အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁)သိန်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၁၀း၃၀) အချိန်တွင်လည်းကောင်း၊ နတ်မောက်ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်)က လှူဒါန်းငွေကျပ် (၇၂၀,၅ဝဝိ/-)ကို နံနက် (၁၀း၅၀)အချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အသီးသီး လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ … Read more
-
ရေဝင်ရောက်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဝင်ရောက်မှုကြောင့် မျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ (၃၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဝင်ရောက်မှုကြောင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ ဘေးသင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး … Read more









