
===========================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
==========================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် (၁၅-၉-၂၀၁၈) ရက်နေ့မှ (၁၆-၉-၂၀၁၈) ရက်နေ့အထိ မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၃၀၀) ဦးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။