‌ဘေးကင်‌းလုံခြုံစိတ်‌ချရ‌သော စာသင်‌‌ကျောင်‌းအ‌ခြေပြုသဘာဝ‌ဘေး‌လျော့ပါး‌ရေး‌ဆွေး‌နွေး‌ဟော‌ပြောပွဲပြုလုပ်မှုသတင်း

15 Pic 01A

15 Pic 02A

===========================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===========================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၈) ရက်နေ့တွင် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်အသင်‌း(SDA)နှင်‌့ ပူး‌ပေါင်‌း၍ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဒေးဒလူ‌ကျေးရွာအုပ်စု၊ တာပွန်‌‌ကျေးရွာ မူလတန်‌း‌ကျောင်‌း၌ သဘာဝ‌ဘေး‌လျော့ပါး‌ရေးအသိပညာ‌ပေး‌ဟော‌ပြောခြင်‌းနှင်‌့ က‌လေးသူငယ်ကာကွယ်‌‌စောင်‌့‌ရှောက်‌‌ရေးများ ဟော‌ပြောခဲ့ကြပါသည်။ သဘာဝ‌ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံ ရင်ဆိုင် တုံ့ပြန် ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်‌‌တွေ့သရုပ်‌ပြခြင်‌းများကိုလည်‌း‌ကောင်‌း၊ က‌လေးသူငယ်အခွင်‌့အ‌ရေးများ သိရှိနားလည်‌‌စေရန်အတွက်လည်‌း‌ကောင်‌း ဟော‌ပြော‌ဆွေး‌နွေးခဲ့ရာ ဟောပြောပွဲသို့ ‌ကျောင်‌းသူ၊ ကျောင်‌းသား (၇၀) ဦး စိတ်ပါဝင်စားစွာ တက်‌‌ရောက်နား‌ထောင်ခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events