
============================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၈) ရက်နေ့တွင် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်အသင်း(SDA)နှင့် ပူးပေါင်း၍ ဖျာပုံခရိုင် ဖျာပုံမြို့နယ် အမာမြို့ နောက်မီးကျေးရွာအုပ်စု၊ ဥပေကျေးရွာအလယ်တန်းကျောင်း(ခွဲ)၌လည်းကောင်း၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာမူလတန်းလွန်ကျောင်း၌လည်းကောင်း၊ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးများ ဟောပြောခဲ့ကြပါသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်တွေ့သရုပ်ပြခြင်းများကိုလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးများ သိရှိနားလည်စေရန်အတွက်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ရာ ဥပေကျေးရွာအလယ်တန်းခွဲကျောင်းတွင် ကျောင်းသား ကျောင်းသူ (၁၇၀) ဦး၊ မင်္ဂလာသောင်တန်းအမကမူလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။