Category Archives: News
-
ရေဘေးဇာတ်လေ့ကျင့်ခန်းပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)ရက်နေ့တွင် ပြုလုပ်မည့် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်တွင် ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်လေ့ကျင့်ခန်းပြုလုပ်နိုင်ရေးအတွက် (၇.၉.၂၀၁၈)ရက်နေ့တွင် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ သီရိမင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့အစည်းများနှင့်လုပ်ငန်းအ ကြိုညှိနိူင်းအစည်းဝေးများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကာလီမယ်တော်ဟိန္ဒူဘုရားကျောင်း ဂေါပကထံတွင် ခေတ္တထိန်းသိမ်းထားသည့် ရေမျောဒုက္ခသည် အိန္ဒိယနိုင်ငံသား (၁) ဦးအတါက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်အား (၇-၉-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2018
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပြီး တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် လက်ရှိရေမှတ်များမှ နောက်(၁) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၉.၂၀၁၈)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ငွေတောင်ရွာသစ်ရှိ ရပ်ရွာပြည်သူ(၁၀၀)ဦးအား သဘာဝဘေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆိပ်ကြီးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်အတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ကြီးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တို့၌ (၃၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြည်သူ (၉၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၇,၉၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_sep2018
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာ၌ (၃၀-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်း(၇၅၄,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး(၇)အိမ်ထောင်စာတို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_sep2018
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၁၀) ရွာတို့၌ (၃၁-၈-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြည်သူ (၁၄၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃,၀၆၆,၀၀၀/-) ကျပ်အား (၃-၉-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_sep2018
-
ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့တွင် (၈/၂၀၁၈) တွင် ဖြစ်ပွားခဲ့သည့် လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေတို့ကို မြို့နယ်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၆ – ၉ – ၂၀၁၈) ရက်နေ့တွင် အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်- (၁) ပန်းတနော်မြို့နယ် အင်းမကျေးရွာအုပ်စု အင်းမစက်ဘက်ကမ်းကျေးရွာ၌ (၁၅ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ (၂၆.၈.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၁၁၀၅၀၀/-) ကျပ်တို့အား (၆.၉.၂၀၁၈)ရက်နေ့တွင် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ FED တို့နှင့် ပူးပေါင်း၍ (၆-၉-၂၀၁၈) ရက်နေ့တွင် ရွှေမင်းဝန်ရပ်ကွက် အ.လ.က (ခွဲ) နှင့် အ.ထ.က (၂) မှ ကျောင်းသား/သူများအား သဘာဝဘေးနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2018









