Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ကန္နားကွင်းကျေးရွာမူလတန်း(လွန်)ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ (၁၅၅) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများအား Kumamoto တက္ကသိုလ်၊ Architecture faculty of advanced science and technology ဌာနမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၉.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအစီအစဉ်များနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် kumamoto တက္ကသိုလ်၊ Architecture faculty of Advanced science and technology ဌာနမှ Associate professor ဖြစ်သူ Dr.Riken Homma နှင့်အဖွဲ့အား တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_sep2018 Source: … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျးရွာအုပ်စု၊ ဟိုဝမ် ကျေးရွာလေဘေးတွင် (၁)အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀/-)ကျပ်ကို (၁၉.၉.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_sep2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာအုပ်စု၊ ချောင်းဖျား ကျေးရွာ၌ (၁၇ – ၉ – ၂၀၁၈) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (သွပ်မိုး/ ပျဉ်ကာ/ပျဉ်ခင်း) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈) ပြည် (၆) ဗူးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) … Read more
-
မုန်တိုင်းအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_Sep2018
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၏ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၈)ဒီဂရီတွင်ရှိပြီး၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် (UNDP) တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ-ထ-က (၂) စာသင်ကျောင်းရှိ ဗိုလ်ကြွမ်ဘိခ့်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ငလျင်အသိပညာပေးပိုစတာ၊ ငလျင်အန္တရာယ်ပြမြေပုံ၊ ဇာတ်တိုက်လေ့ကျင့်မှုစာအုပ်များ၊ ငလျင်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များနှင့် အချက်ပေး Whistle (၅) ခု တို့အား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ- (က) ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ သတိပေးနှိုးဆော်ချက် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု(၁၀၀)ဦးဖြင့်လည်းကောင်း၊ (၁၃း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာတွင် ပြည်သူလူထု (၇၀)ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်နှင့် ဗွီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက် တွေ့ဆုံမှုသတင်း
နေပြည်တော်၊ စက်တင်ဘာ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အိမ်ယာများ ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိဒုက္ခသည် စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုက္ခသည်များအား ပြန်လည် နေရာချ ထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဆင်ပြေစေရေးဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထား ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဒုက္ခသည်များ၊ … Read more









