လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် (UNDP) တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ-ထ-က (၂) စာသင်ကျောင်းရှိ ဗိုလ်ကြွမ်ဘိခ့်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ငလျင်အသိပညာပေးပိုစတာ၊ ငလျင်အန္တရာယ်ပြမြေပုံ၊ ဇာတ်တိုက်လေ့ကျင့်မှုစာအုပ်များ၊ ငလျင်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များနှင့် အချက်ပေး Whistle (၅) ခု တို့အား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar_eqk
#chn_sep2018