Category Archives: News
-
ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာများနှင့်ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_sep2018
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ အထက-ခွဲ ပုန်းထွန်တွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၆၀)ဦးအား ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး၊ ဒေါ်စန္ဒာရွှေမှ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များမှ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ အဖျောက် (၄) ရပ်ကွက်များ၌ (၃၁-၈-၂၀၁၈) ရက်နေ့မှ (၅-၉-၂၀၁၈) ရက်နေ့အထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁၇) လုံး၊ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၅၈) ဦးတို့ဘေးသင့်ခဲ့ရာအဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၂၁,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၂၁,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီ အချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးကျေးရွာ၊ SMU ခန်းမ၌ ကျေးရွာသူ/သား (၇၀) ဦးတို့အား ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ကြေင်းသတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2018
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သင်္ဃန်းညီနောင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်တကွ တာဝန်ရှိသူများ နှင့်အတူ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ၊ မြို့သစ် (၇) လမ်း၌ (၇-၉-၂၀၁၈) ရက်နေ့၊ ည (၂၃း၅၀) အချိန် တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေ၌ ငှါးရမ်းနေထိုင်သည့် အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦးအား ဆန်ရိက္ခာဖိုး (၇) … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့် ယင်းမြို့၏ … Read more
-
ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဘေးထောက်ပံ့ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ၏ အရှေ့ ဘက်(၄)မိုင်အကွာတွင် ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် (၉-၉-၂၀၁၈)ရက်နေ့ (၁၆း၀၀)အချိန် ထပ်တိုးစာရင်းအရ အသက်ဆုံးရှုံးခဲ့ရသော မိသားစုများထံသို့ သွားရောက်နှစ်သိမ့်စကားပြောကြားခြင်း၊ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး သေဆုံးသူ(၅)ဦးအတွက် (၁၅၀၀၀၀၀/-)(ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)အား (၉-၉-၂၀၁၈)ရက်နေ့ (၁ရး၀၀)အချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊ အဆိုပါ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ(၈)ဦး၊ … Read more
-
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး တက်ရောက်ဆွေးနွေးမှုသတင်း
စက်တင်ဘာ၊ ၉ ၊ နေပြည်တော် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေတွင်ပါဝင်သည့် အချက်အလက်များကို ပြည်သူများအတွက် ပိုမိုထိရောက်သောစီမံခန့်ခွဲမှုဖြစ်စေရေးပြင်ဆင် ရေးသားရန် စိစစ်သုံးသပ်ဆွေးနွေး ခြင်းအလုပ်ရုံဆွေးနွေးပွဲအားဇူလိုင်လ (၈)ရက်မှ (၉)ရက်နေ့အထိနေပြည်တော်ရှိKempinski Hotel ၌ ကျင်းပရာဆွေးနွေးပွဲဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ ဘေးအန္တရာယ်ဟု ဆိုရာ တွင် သဘာ၀ဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သောဘေးများကိုလည်းထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၊ ဥပဒေအမည်ကိုလဲကိုက်ညီအောင် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန် တွင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများအနေဖြင့် ဆောင်ရန်/ရှောင်ရန် လုပ်ငန်းများကို သိရှိ လိုက်နာရန်လိုအပ်ကြောင်း၊ ဥပဒေကိုပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကိုပြုလုပ်ရာတွင် တည်မြဲ အမိန့် များကိုပါ … Read more
-
မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ) နာရီအချိန်မှ (၁၁၀၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေ့ရပ်ကွက်၌ ရပ်ကွက်နေပြည်သူ လူဦးရေ (၅၀) ခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများနှင့် စပ်လျဉ်း၍ အသိပေးဟောပြောခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာေစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၇-၈-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ စိမ့်ချောင်းကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပါအနီးရှိ အိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြီး နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း၊ (၈-၉-၂၀၁၈)ရက်နေ့တွင် အဆိုပါ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၆) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (အိမ်ထောင်စု -၉ စု) နှင့် ကြိုတင်ဖျက်သိမ်းအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး တစ်လုံးလျှင် … Read more









