Category Archives: News
-
သဘာဝဘေးအသိပညာများဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် (၁၄:၀၀) မှ (၁၅:၃၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ် အထက(၂၀)တွင် ကျောင်းသား/သူများနှင့် ကျေးရွာသူ/ သားများ စုစုပေါင်း (၃၀၀)ဦးတို့အား ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်ပူးပေါင်း၍သဘာဝဘေး အသိပညာများဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်၊၊ #ar #npw_Sep2018 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ခြင်းနှင့် ပြည်နယ်လွှတ်တော်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု များ ဆွေးနွေး
စက်တင်ဘာ ၂၁၊ စစ်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ကျင်းပသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခြင်းနှင့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်လုပ်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ မသန်စွမ်းသူများအားထောက်ပံ့ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရတာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်သူများအားလုံး လိုလားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများ ကိုယ်တိုင်ပါဝင်ရေးဆွဲထားသော … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ စက်တင်ဘာလ(၂၁)ရက် နေ့လယ် (၁၂း၃၀)နာရီမှ (၁၄း၃၀)နာရီအထိ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စုငှက်ကလေးကွင်း (၂)မူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ(၄၀)ဦး အား ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဟောပြောဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဘေးစီမံမှ တာဝန်ရှိသူတစ်ဦးမှ ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင် ခြေအများဆုံးအမျိုးအစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ ရေဘေး၊ မိုးကြိုးဘေးတို့နှင့် သက်ဆိုင်သည့် ရှောင်ရန်ဆောင်ရန်အချက်များ၊ ယင်းဘေးဖြစ်လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန်အချက်တို့ကိုလက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ စကား တောင်ရပ်၊ အုတ်ကြားလမ်း၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇,၀၀၀/-) ကျပ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_Sep2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ မှန်ကူကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဘိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်း (၃၃၉၉၀၀) ကျပ်တိတိအား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းအသီးသီးမှ စခန်းတာဝန်ခံများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည်(၁၈-၉-၂၀၁၈) နှင့် (၁၉-၉-၂၀၁၈) ရက်နေ့တို့တွင် ဗန်းမော်ခရိုင်အတွင်း လူမှုရေးဝန်ကြီးခရီးစဉ်တွင်လိုက်ပါ၍ မိုးမောက်မြို့နယ်ရှိ ကက်သလစ်၊ နှစ်ခြင်း၊ မန္တလေးကျောင်းစခန်း (၃) ခုရှိ IDP စခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း၊ မံစီမြို့နယ် နှစ်ခြင်းကျောင်း၊ မိုင်းခေါင်(ကက်သလစ်)၊ မိုင်းခေါင် (နှစ်ခြင်း) စခန်းတာဝန်ခံများ ပြည်သူများနှင့်လည်းကောင်း ၊ဗန်းမော်မြို့နယ်ရှိ လီဆူးနှစ်ခြင်းဘော်ဒါ၊ နှစ်၂၀၀၀ (အာရ်စီ)၊ ရောဘတ်ကျောင်း၊ ထွယ်ဆန်ကျောင်းနှစ်ခြင်း၊ ရိုးကြီးရွာမကျောင်း၊ နန့်လှိုင်ဖန်းခါးကုန်းစခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်တွင်ငြိမ်းချမ်းရေးကိုဖော်ဆောင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြုသဘောဆောင်၍ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
================================================ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရွှေမင်းဝံလမ်းဘေးရှိ ကမ္ဘောဇဘဏ်တောင်ဘက် ဈေးအနီး၌ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငှက်ကလေးကွင်း မူလတန်း (လွန်) ကျောင်း၌ (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောပွဲကျင်းပခဲ့ရာ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဟောပြော ဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင်ခြေအများဆုံး အမျိုး အစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မီးဘေး၊ … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံးကဒွန်းအထက်တန်းကျောင်း၌ (၂၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်း အခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောပွဲကျင်းပခဲ့ရာ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ဟောပြောဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင်ခြေအများဆုံး အမျိုးအစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မီးဘေး၊ ရေဘေး၊ မိုးကြိုးပစ်ဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အဆိုပါဘေးများကြုံတွေ့လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန် … Read more
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ သရဝေါ်ကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် ဘုန်းတော်ကြီး ကျောင်း အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၀-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #krn_Sep2018









