လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည်(၁၈-၉-၂၀၁၈) နှင့် (၁၉-၉-၂၀၁၈) ရက်နေ့တို့တွင် ဗန်းမော်ခရိုင်အတွင်း လူမှုရေးဝန်ကြီးခရီးစဉ်တွင်လိုက်ပါ၍ မိုးမောက်မြို့နယ်ရှိ ကက်သလစ်၊ နှစ်ခြင်း၊ မန္တလေးကျောင်းစခန်း (၃) ခုရှိ IDP စခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း၊ မံစီမြို့နယ် နှစ်ခြင်းကျောင်း၊ မိုင်းခေါင်(ကက်သလစ်)၊ မိုင်းခေါင် (နှစ်ခြင်း) စခန်းတာဝန်ခံများ ပြည်သူများနှင့်လည်းကောင်း ၊ဗန်းမော်မြို့နယ်ရှိ လီဆူးနှစ်ခြင်းဘော်ဒါ၊ နှစ်၂၀၀၀ (အာရ်စီ)၊ ရောဘတ်ကျောင်း၊ ထွယ်ဆန်ကျောင်းနှစ်ခြင်း၊ ရိုးကြီးရွာမကျောင်း၊ နန့်လှိုင်ဖန်းခါးကုန်းစခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်တွင်ငြိမ်းချမ်းရေးကိုဖော်ဆောင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြုသဘောဆောင်၍ IDPs စခန်းများပိတ်သိမ်းရာတွင် ဥပဒေအရ လွတ်လပ်စွာသွားလာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမီရေး၊ မိမိငွေဖြင့် မြေကွက်ဝယ်ယူထားပြီးစခန်းမှ ပြောင်းရွေ့လို့သည့် ပြည်သူများအား မိမိတို့ဝန်ကြီးဌာန ပြည်နယ်အစိုးရမှ ကူညီဆောင်ရွက်ပေးမှုများ၊ ပြန်လည်ထူထောင်ရေးတွင် ပံ့ပိုးမှုများအကြောင်းရှင်းလင်း၍ လိုအပ်ချက်များ၊ မေးမြန်းချက်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ ဒိန်ဂါးယန် (အစိုးရထိန်းချုပ်မှုမရှိသောနေရာ) မှ ဒေါ့ဖုန်းယန်ကျေးရွာသို့ ပြန်ရောက်လာသူ အိမ်ထောင်စု (၄)၊ လူဦးရေ (၂၄) ဦးအားတွေ့ဆုံ၍ ပြန်ရောက်လာသူများအခြေအနေနှင့် ဆက်လက်၍ ပြန်လည်ဝင်လာသူအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_Sep2018