လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ စက်တင်ဘာလ(၂၁)ရက် နေ့လယ် (၁၂း၃၀)နာရီမှ (၁၄း၃၀)နာရီအထိ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စုငှက်ကလေးကွင်း (၂)မူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ(၄၀)ဦး အား ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဟောပြောဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဘေးစီမံမှ တာဝန်ရှိသူတစ်ဦးမှ ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင် ခြေအများဆုံးအမျိုးအစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ ရေဘေး၊ မိုးကြိုးဘေးတို့နှင့် သက်ဆိုင်သည့် ရှောင်ရန်ဆောင်ရန်အချက်များ၊ ယင်းဘေးဖြစ်လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန်အချက်တို့ကိုလက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)