ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

21 Pic_04 21 Pic_05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဇင်‌း‌ဘောင်‌‌ကျေးရွာအုပ်‌စု၊ ငှက်‌က‌လေးကွင်‌း မူလတန်း (လွန်) ကျောင်‌း၌ (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေး အသင်‌းနှင်‌့ ပူး‌ပေါင်‌း၍ ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး ဆွေး‌နွေး‌ဟော‌ပြောပွဲကျင်‌းပခဲ့ရာ က‌လေးသူငယ် အခွင်‌့အ‌ရေးများနှင်‌့ပတ်‌သက်၍ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းမှ တာဝန်‌ရှိသူတစ်ဦးက ဟော‌ပြော ဆွေး‌နွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်‌အတွင်‌း ဘေးဖြစ်‌နိုင်‌‌ခြေအများဆုံး အမျိုး အစားဖြစ်‌သည်‌့ မုန်‌တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေး၊ မီး‌ဘေး၊ ရေ‌ဘေး၊ မိုးကြိုးပစ်‌‌ဘေးတို့နှင်‌့ပတ်‌သက်‌၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အဆိုပါဘေးများကြုံတွေ့လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန် လက်‌‌တွေ့သရုပ်‌ပြခြင်‌းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ကျောင်‌းသား/သူ၊ ဆရာ/ဆရာမ (၁၂၀) ဦး တက်‌‌ရောက်ခဲကြပြီး တက်ရောက် လာသူများအား လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့်‌ဝေခဲကြောင်း သတင်းရ ရှိပါသည်။

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#ayy_sep2018

Sign Up

Upcoming Events