ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

21 Pic_01 21 Pic_02 21 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံးကဒွန်‌းအထက်တန်‌း‌ကျောင်‌း၌ (၂၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းနှင်‌့ ပူး‌ပေါင်‌း၍ ကျောင်‌းတွင်‌း အ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး ဆွေး‌နွေး‌ဟော‌ပြောပွဲကျင်‌းပခဲ့ရာ က‌လေးသူငယ် အခွင်‌့အ‌ရေးများနှင်‌့ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းမှတာဝန်ရှိသူတစ်ဦးက ဟော‌ပြော‌ဆွေး‌နွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်‌း ဘေးဖြစ်နိုင်‌‌ခြေအများဆုံး အမျိုးအစားဖြစ်သည်‌့ မုန်တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေး၊ မီး‌ဘေး၊ ရေ‌ဘေး၊ မိုးကြိုးပစ်‌‌ဘေးတို့နှင်‌့ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အဆိုပါဘေးများကြုံတွေ့လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန် လက်‌‌တွေ့သရုပ်‌ပြခြင်‌းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ကျောင်‌းသား/သူ၊ ဆရာ/ဆရာမ (၁၉၀) ဦး တက်‌‌ရောက်ခဲကြပြီး တက်ရောက်လာသူများ အား လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့်‌ဝေခဲကြောင်းသတင်း ရရှိပါသည်။

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#ayy_sep2018

Sign Up

Upcoming Events